ခုနစ်ရက်သားသမီးဟောစာတမ်း
၂ဝ-၃-၂ဝဝ၇ မှ ၂၆-၃-၂ဝဝ၇ထိ
တနင်္ဂနွေ
စိတ်လေးနေမည်။ မိမိကိုယ်မိမိ မယုံမကြည် ဖြစ်နေမည်။ လုပ်နေသောကိစ္စများအတွက် အဆုံး သတ်ပြီးမြောက်အောင် ဆောင်ရွက်နိုင်စွမ်း မိမိထံ တွင် ရှိမှရှိပါ့မလားဟူသောအတွေးများ ဝင်နေတတ် သည်။ အလုပ်တစ်ခုခုကို စိတ်ဖြောင့်၊ လက်ဖြောင့် အားပါးတရလုပ်၍မရ။ နောက်ဆံတငင်ငင်ဖြစ်နေ မည်။ အိမ်တွင်မပျော်၊ ခရီးသွားလိုစိတ်ပြင်းထန်နေ မည်။ မိမိနေအိမ်ဧည့်ခန်းကို သန့်ရှင်းသပ်ရပ်စွာ ထားရှိခြင်းဖြင့် မိမိစိတ်များ ကြည်လင်ကာ လုပ်ငန်း ကိစ္စအဖြာဖြာကို အဆင်ပြေစွာဆောင်ရွက်နိုင်မည်။
Rewarding Dates: 21, 23
Challenging Dates: 22, 25
တနင်္လာ
ငွေကြေးနှင့်ပတ်သက်သောကံ အထူးကောင်း နေသည်။ ခက်ခက်ခဲခဲနှင့်ငွေအစုလိုက် ဝင်ကိန်းကြုံ မည်။ အကြီးအကဲ မိတ်ဆွေများထံ ဝင်ထွက်သွား လာ၍ အကြံကောင်း၊ အထောက်အကူကောင်းများ ရရှိမည်။ စကားအောင်မည်။ ခြံ၊ ကား၊ ယာဉ်များ ဝင်ကိန်းရှိသည်။ အလုံးစုံသော အဆင်ပြေခြင်း၊ စိတ် ချမ်းမြေ့ရခြင်းကြုံမည်။ မိမိအပေါ် အကျိုးပြုသူ ပေါများမည်။ အလုပ်လျှောက်၊ အလုပ်ရှာခြင်းများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ အထက်လူကြီး များနှင့်တွေ့ဆုံရာတွင်လည်းကောင်း အနောက် တောင်အရပ်မျက်နှာမူ၍ဆောင်ရွက်ပါ။
Rewarding Dates: 20, 24, 26
Challenging Dates: 22, 25
အင်္ဂါ
မိမိအတွက် လုပ်ငန်းစီးပွားများ လုပ်ကိုင် အောင်မြင်မည်။ လိုရာပြည့်မည်။ ငွေကြေးကံအထူး ကောင်းမည်။ အခါတိုင်းထက်ပို၍ အလုပ်ရှုပ်နေ မည်။ ကာလအတန်ကြာ စိတ်ကူးထားသောကိစ္စ များကို ဖိဖိစီးစီးလုပ်၍ အကျိုးကောင်းစွာရရှိမည်။ ပေါ်ပေါက်လာသောအခွင့်အရေးများကိုအသုံးချနိုင် မည်။ တိုင်းတစ်ပါးနှင့်ပတ်သက်သောငွေကြေး၊ သတင်းစကားများ လက်ခံရရှိမည်။ အထက်လူကြီး များနှင့်တွေ့ဆုံရာတွင်လည်းကောင်း၊ အရေးကြီးကိစ္စ များ ဆောင်ရွက်ရာတွင်လည်းကောင်း ခရေတစ်ညွန့် ဆောင်ယူသွားပါ။
Rewarding Dates: 21, 23, 24
Challenging Dates: 20, 25
ဗုဒ္ဓဟူး
အထူးကောင်းသောကာလဖြစ်သည်။ လုပ် သမျှ အဆင်ပြေမည်။ ပညာဉာဏ်နှင့်ချင့်ချိန်ပြီး ဆောင်ရွက်သောကိစ္စများ အဆင်ပြေသွားမည်။ တနင်္လာနေ့၊ အင်္ဂါနေ့မွေးသောသူများ အထူး ကောင်းကျိုးပေးသည်။ စိတ်ကူးသစ်များ လက်တွေ့ ဆောင်ရွက်နိုင်မည်။ ပေါ်လာသောအခြေအနေကို အသုံးချပြီး ဘဝတက်လမ်းကောင်းရရှိမည်။ ရုတ် ချည်းပေါ်လာသောအခြေအနေကိုအကျိုးရှိစွာ အသုံးချနိုင်မည်။ အရေးကြီးကိစ္စများဆောင်ရွက် သောအခါတွင်လည်းကောင်း၊ အထက်လူကြီးများ နှင့်တွေ့ဆုံရာတွင်လည်းကောင်း ရွက်လှတစ်ညွန့် ဆောင်သွားပါ။
Rewarding Dates: 20, 24
Challenging Dates: 22, 25
ရာဟု
အရာရာသတိနှင့်ဆောင်ရွက်ပါ။ အိမ်အနီး အပါးတွင် လင်မယားရန်ဖြစ်တတ်သည်။ ဝင်ရောက် ကူညီခြင်း၊ ညှိနှိုင်းပေးခြင်းရှောင်ပါ။ သူတစ်ပါးက မိမိထံမှ ငွေလာချေးလိမ့်မည်။ မပေးပါနှင့်။ ငွေလက် လွန်တတ်သည်။ စနေနေ့၊ ဗုဒ္ဓဟူးနေ့မွေးသောသူ များကိုသတိနှင့်ဆက်ဆံပါ။ မရှောင်ပါက ၎င်းတို့ ပြဿနာ မိမိထံ ဝင်လာတတ်သည်။ မိမိတွင်လည်း နာမည်သိက္ခာထိခိုက်တတ်သည်။ ပီယကံမြင့်မား၍ လူချစ်၊ လူခင်ပေါများစေရန်လည်းကောင်း၊ အလုပ် ကိစ္စများဆောင်ရွက်ရာတွင်လည်းကောင်း လက်ဖက် ရည်သောက်၍ လိုရာဆောင်ရွက်ပါ။
Rewarding Dates: 20, 23
Challenging Dates: 22, 24
ကြာသပတေး
မိမိအတွက် ကောင်းသောကံပွင့်လန်း၍ အောင်မြင်မှုများ စနစ်တကျရှိမည်။ အင်္ဂါနေ့၊ ကြာသပတေးနေ့မွေးသောသူများနှင့်တွဲဖက်၍ လုပ် ငန်းများဆောင်ရွက်က ပို၍အောင်မြင်မှုရရှိမည်။ ပညာအတတ်နှင့်ပတ်သက်သော အောင်မြင်မှုရရှိ မည်။ အင်္ဂါနံ၊ ကြာသပတေးနံလုပ်ငန်းများ ဆောင် ရွက်၍ အကျိုးအမြတ်ကောင်းစွာရရှိမည်။ မိမိအခက် အခဲများကြုံက မိမိနေထိုင်ရာ အရှေ့အရပ်မှ တနင်္လာနေ့မွေးသောသူများနှင့်ညှိနှိုင်းဆွေးနွေးခြင်း ပြုပါ။ အလုပ်လျှောက်၊ အလုပ်ရှာခြင်းများဆောင် ရွက်သောအခါ စံပယ်ပန်းဆောင်၍ လိုရာဆောင် ရွက်ပါ။
Rewarding Dates: 24, 26
Challenging Dates: 21, 25
သောကြာ
အထူးကောင်းသောကာလဖြစ်သည်။ မည်မျှ အဆိုးကြုံစေ ကံကောင်းခြင်းများယှဉ်တွဲရရှိမည့် ကာလဖြစ်သည်။ ရန်မာန် ခပ်သိမ်းကင်းလွတ်မည်။ သုခချမ်းသာတိုးပွားမည်။ မိမိအလိုရှိကုန်သော အရာတို့အား ရရှိသောကံ ပွင့်မည်။ ပြဿနာအခက် အခဲများအား ကျော်လွှားအောင်မြင်မည်။ သူတစ်ပါး ချေးယူထားသောပစ္စည်းဥစ္စာများ အလွယ်တကူ ကြည်သာစွာပြန်ရမည်။ ယခင်အတိတ်ကာလမှ ကွေကွင်းခဲ့ရသောသူများနှင့်ရေစက်ကျန်ကာ ပြန် လည်ဆုံဆည်းရမည်။ နေအိမ်တွင်ရှိသော သော့ အဟောင်း၊ အပျက်များကိုစွန့်ပစ်လိုက်ပါ။
Rewarding Dates: 21, 23, 26
Challenging Dates: 24, 25
စနေ
အထူးသတိရှိရမည့်ကာလဖြစ်သည်။ အမှုကိစ္စ၊ အလုပ်အကိုင်တို့ကြောင့် လူကြီးမိဘတို့၏စိတ်တိုင်း မကျမှုများ ကြုံရတတ်သည်။ သူတစ်ပါးက မိမိအား အမျိုးမျိုးနှိပ်စက်ကလူရန်ပြု၊ စောင်းမြောင်းပြောဆို ခြင်းများခံရတတ်သည်။ ထိပ်တိုက်ရင်ဆိုင်ပြုက မသင့်လျော်။ ဥပေက္ခာပြုမှ တော်ရုံကျမည်။ ခရီး အသွားအလာ ဂရုစိုက်ရမည်။ ငွေထွက်လမ်းများ တာကျိုးသကဲ့သို့ ဝေါခနဲကုန်ကျကိန်း ကြုံမည်။ အလုပ်လျှောက်၊ အလုပ်ရှာရာတွင်လည်းကောင်း၊ အရေးကြီးကိစ္စများဆောင်ရွက်ရာတွင် လည်း ကောင်း နှင်းဆီနီတစ်ပွင့် ဆောင်ယူသွားပါ။
Rewarding Dates: 21, 23, 26Challenging Dates: 22, 24
ချမ်းမြေ့မေတ္တာတုံ့ပြန်ပါသည်စံဇာဏီဘိုဖုန်း-၆၄၁၆၃၉

No comments:
Post a Comment